Tuesday, October 11, 2011

စာပေါင်းသိုက်မှတ်စု(၁)


လူတိုင်း လူတိုင်း ဘ၀တစ်ခုလုံးမှာ နေ့စဉ်နဲ့အမျှ ရွေးချယ်မှု(choice)တွေ လုပ်နေရပါတယ်။
ရွေးချယ်တာ ဆုံးဖြတ်တာ မှန်ဖို့ လိုတယ်။

ကိုယ့်ရဲ့အကောင်းဆုံး အမြင့်ဆုံး အရည်အသွေးတွေကို အများဆုံး ထွက်ပေါ်လာအောင် လုပ်နေရတာ
ကြိုးစားနေရတာဟာ ဘ၀မှာ ပျော်စရာအကောင်းဆုံးပဲ။

လူမှာ လုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေ အများကြီးရှိတယ်။ အဲ့ဒီ လုပ်နိုင်တဲ့ စွမ်းရည်သတ္တိတွေကို
များများထုတ်သုံးရမှ အဲ့ဒီလူဟာ ဘ၀ကို ကျေနပ်မှု၇မယ်။


ဘ၀ရဲ့ အရည်အသွေးကို မြင့်မားစေချင်ရင် စိတ်ရဲ့ အရည်အသွေးကို မြင့်မားအောင် ကြိုးစားမှ ဖြစ်မယ်။
ဘ၀ရဲ့ အဆင့်အတန်းကို စိတ်ရဲ့ အဆင့်အတန်းနဲ့ပဲ တိုင်းတာသင့်တယ်။

ဘ၀ကို နောက်ဆုံးအချိန်ထိ အဓိပ္ပါယ်ရှိရှိ ဘယ်လိုနေရမယ်ဆိုတာ သိဖို့လိုတယ်။ အဲ့ဒီလို မသိလို့ရှိရင်
အသက်ကြီးသွားတဲ့အခါ ကြာလေ အသုံးမကျလေ ဖြစ်လာတတ်တယ်။ အဓိပ္ပါယ်မရှိလေ ဖြစ်လာတတ်တယ်။
စာပေါင်းသိုက်မှတ်စုမှ ကူးယူဖော်ပြပါတယ်

No comments:

Post a Comment