Thursday, December 13, 2012

ဒါန

တစ်ခါက ဘုရားရှင်ဟောကြားခဲ့သော ဒါနတရားမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဘုရားရှင်က ဒါနအကြောင်းကို ငါဘုရားသိသလိုသာ သိမယ်ဆိုရင် သတ္တ၀ါတွေဟာ မပေးမကမ်းပဲ စားမှာမဟုတ်ဘူး။ ၀န်တိုစိတ်ဆိုတဲ့ အညစ်အကြေးသဘောလဲ ဖြစ်မှာမဟုတ်ဘူး။ ငါဘုရားသိသလိုသာ ဒါနအကြောင်းကို သိမယ်ဆိုရင် နောက်ဆုံးထမင်းလုပ်ကိုတောင် အလှူခံရှိရင် ပေးလှူကြလိမ့်မယ်တဲ့။ အခုတော့ သတ္တ၀ါတွေဟာ ဒါနအကြောင်းကို မသိလို့ မပေးမကမ်းဘူး။ ၀န်တိုမစ္ဆေရအညစ်အကြေးလဲ ထူပြောနေကြတာတဲ့။
သတ္တ၀ါတွေဟာ ဒါနအကျိုးတရားကိုသာ ဘုရားရှင်ဟောတဲ့အတိုင်းသိခဲ့မယ်ဆိုရင်
ဝန်တိုမှုကင်း သန့်ရှင်းတဲ့စိတ်မွေးကြလိမ့်မယ်။ လှူဒါန်းပူဇော်ကြလိမ့်မယ်။ ဒါနအကျိုးတရားအဖြစ် အရာရာ အဆင်ပြေချောမွေ့ပြီး သေရင်လဲ နတ်ပြည်မှာ ၀န်တိုစိတ်ကင်းခြင်းရဲ့ အကျိုးတရားအဖြစ် နတ်စည်းစိမ်တွေ ခံစားကြရလိမ့်မယ်။ တကယ်လို့သာ  နိဗ္ဗာန်ရည်မှန်းလှူဒါန်းခဲ့မယ်ဆိုရင် အရိယာဖြစ်ကာ ငရဲမီးငြိမ်းကြပေလိမ့်မယ်တဲ့။ ဘုရားရှင်ဟောတဲ့ ဒါနသုတ်ကို မူရင်းအတိုင်းဘာသာပြန်တာပါ။ ဆက်လက်ပြီး လူတိုင်းလူတိုင်း အလှူတစ်ခုခုမပေးနိုင်ရင်လဲ သူများပစ္စည်းကို မခိုးကြဖို့ ဆက်လက်တွေးတောမိပြန်ပါသေးတယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>

အရိုးပုံ

သံသရာခ၇ီးသွားတစ်ယောက်၇ဲ့ အ၇ိုးတွေကို စုပုံထားမယ်ဆိုရင်၊ မပုပ်မသိုးမပျက်မစီးရှိမယ်ဆိုရင်
ဝေပုလ္လတောင်ကြီးလောက်ရှိနိုင်သတဲ့။ တစ်ကမ္ဘာအတွင်းမှာ ၇ရှိခဲ့ ပျက်စီးခဲ့တဲ့ အ၇ိုးတွေတောင်မှ အဲ့လောက်များနေရင်....ကမ္ဘာကုဋေချီပြီး ကျင်လည်ကျက်စားပြေးလွှားခဲ့ရတဲ့ ခရီးကြမ်းကြီးမှာ အရိုးများကလဲ ကမ္ဘာကြီးလောက်ရှိနေမယ်ပေါ့။ ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာဆိုတဲ့ ဒီသစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး သောတာပန်ဖြစ်ရင်တော့ အလွန်ဆုံး ၇ ဘ၀မျှသာ သံသရာရှိတော့မယ်တဲ့။ မဂ်လမ်းကို ရည်ရွယ်ကာ ကုသိုလ်တရားပွားများဖို့ လိုအပ်နေကြောင်းပါခင်မျာ။
>>>ဆက်လက်ဖတ်ရှုရန်>>> >>