လူတစ်ချို့က ဒါနကို အထင်သေးကြသတဲ့။ သီလကို အောက်တန်းစားလို့ထင်မှတ်ကြသတဲ့။ သမထဘာဝနာကို ဘုရားဟောမဟုတ်သလို ပြောဆိုနေကြသတဲ့။ တကယ်တော့ ဒါနဆိုတာ ဘုရားအလောင်းတော်တို့ ဖြည့်ကျင့်ဆည်းပူးရတဲ့ ပါရမီတော်ဆယ်ပါးမှာ ပထမဆုံးကျင့်စဉ်တော်မြတ်ဖြစ်ပါတယ်။ စေတနာများရင် အကျိုးပေးများပြီး ဥာဏ်ပါတဲ့စေတနာဆိုရင် ဥာဏ်ပါတဲ့ အကျိုးတွေ ပေးပါတယ်။ ဘုရားလက်ထက်တော်တုန်းက အရှင်မဟာမောဂ်ဂလာန်မထေရ်က နတ်ပြည်တက်ပြီး နတ်သားနတ်သမီးတွေကို သူတို့ရဲ့ ရှေးကုသိုလ်တွေမေးတော့ ဒေါသမထွက်အောင်ထိမ်းခဲ့လို့၊ ကြံတစ်ချောင်းလှူခဲ့လို့၊ တည်သီးတစ်လုံးလှူခဲ့လို့၊ သခွါးသီးတစ်လုံးလှူခဲ့လို့၊ ဖက်သက်သီးတစ်လုံးလှူခဲ့လို့၊ တမာရွက်တစ်ဆုပ်လှူခဲ့လို့ နတ်ပြည်ရောက်ပါတယ်လို့ ဖြေကြသတဲ့။ လှူဖွယ်ဝတ္ထုရှိတာလေးတွေကို အလှူခံတွေနဲ့ တွေ့ကြုံလာရင် တတ်စွမ်းသမျှ စေတနာဗရဗွနဲ့ လှူဒါန်းပူဇော်ကြမယ်ဆိုရင် လောဘကိလေသာကို သတ်ပြီးသားဖြစ်သလို သံသရာခရီးအတွက်လဲ အထောက်အပံ့ကောင်းတွေ အများကြီးရမှာပါ။ ပုညာနိ ပရလောကသ္မိံ ပတိဋ္ဌာ ဟောန္တိ ပါဏိနံ= ကုသိုလ်ကောင်းမှုဆိုတာ သံသရာခရီးသွားတွေအတွက် ထောက်တည်မှီခိုအားထားရာအစစ်ဖြစ်တယ်လို့ ဘုရားရှင်ဟောထားတာရှိတယ်မို့လား။ ဒီဘ၀ဖြစ်စဉ်တွေကြည့်ပြီးတော့ ဘ၀ဆက်တိုင်း မီလျံနာ ဘီလျံနာ ထရီလျံနာဖြစ်အောင်၊ မီလျံနာ ဘီလျံနာ ထရီလျံနာဖြစ်ပြီးတော့ လောကကောင်းကျိုး အမျိုးချမ်းသာရေး ပေးလှူထောက်ပံ့ပူဇော်နိုင်တဲ့ သူတော်ကောင်းကြီးတွေ ဖြစ်ဖို့အတွက် တစ်ယာကွမ်းဆေး ရေအေးတစ်ခွက် ဆီတစ်စက်နှင့် လက်ဖက်တရိုး ကြံတချိုးမျှ မြတ်နိုးကြည်ဖြူ ဥာဏ်ပါတဲ့စေတနာထားပြီး အမြဲလှူဒါန်းနိုင်အောင် ကြိုးစားကြဖို့ လိုအပ်ပါကြောင်း
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts
Friday, May 10, 2013
ကံ
ကံအကြောင်းကို လူတွေက နားလည်တယ် လွယ်တယ်လို့ ထင်နေကြတာရှိပါတယ်။ ဘယ်လိုကံတွေက ဖြစ်စေခြင်း ထောက်ပံ့ခြင်း နှိပ်စက်ခြင်း သတ်ဖြတ်ခြင်း ကိစ္စများကို လုပ်နေတယ်ဆိုတဲ့ ကံရဲ့ ကိစ္စလေးမျိုးကို သိနားလည်ဖို့ ခက်ခဲပါတယ်။ သတ္တ၀ါတစ်ယောက်မှာ ကံလေးမျိုးရှိရင် သေတဲ့အခါမှာ ဂရုကကံ အကျိုးပေးလှည့်ရောက်တယ်။ ဂရုကကံမရှိရင် အာသန္နကံ၊ အဲ့ဒါမရှိရင် အာစိဏ်ဏကံ၊ အဲ့ဒါ မရှိရင် ကဋတ္တာကံအကျိုးပေးလှည့်ရောက်တယ်။ ဒီလိုအကျိုးပေးအလှည့်အစဉ်အားဖြင့် ကံလေးမျိုးသဘောတရားကိုလဲ သိနားလည်ဖို့ ခက်ခဲပါတယ်။ အကျိုးပေးရာကာလအနေနဲ့လဲ ဒီဘ၀အကျိုးပေး၊ နောက်ဘ၀၊ တတိယဘ၀မှ နိဗ်ဗာန်ရသည့်အချိန်ထိ၊ ပြီးတော့ လုံးဝအကျိုးမပေးသောကံရယ်လို့ အကျိုးပေးရာကာလနှင့်ပတ်သက်ပြီး ကံလေးမျိုးသဘောတရားမှာလဲ သိနားလည်ဖို့ ခက်ခဲပြန်ပါတယ်။ အကုသိုလ်ကံ၊ ကာမ၀စရကုသိုလ်ကံ၊ ရူပါဝစရကုသိုလ်ကံ၊ အရူပါဝစရကုသိုလ်ကံရယ်လို့ အကျိုးပေးရာဘုံဌာနနဲ့ပတ်သက်ပြီးလဲ ဘယ်သူတွေများ ဘယ်လောက်သိပါသလဲ။ လက်ရှိရနေတဲ့ ခန်ဓာကိုယ်နဲ့ တွေ့ကြုံခံစားနေရတဲ့ အကောင်းအဆိုးအကျိုးမျိုးစုံကိုကော ဘယ်ဘ၀က ပြုခဲ့တဲ့ ဘယ်လိုကံတွေက ဘယ်လိုအကျိုးပေးနေတယ် ဘယ်လိုအကျိုးပေးအုံးမယ် အကျိုးမပေးတော့ဘူးဆိုတာကော ဘယ်ရွှေဥာဏ်ရှင်ကများ အတိအကျသိပါသလဲ။ ဒီနေ့လုပ်တဲ့ ကုသိုလ်အကုသိုလ်ကံတွေဟာ ဘယ်လောက်ရှိတယ်၊ ဘယ်အချိန် ဘယ်ဘ၀ ဘယ်ဘုံမှာ အကျိုးပေးမယ် အကျိုးမပေးဘူးဆိုတာကော သိကြပါရဲ့လားခင်များ။ ဒါကြောင့်မို့ ဘုရားရှင်ရဲ့ ပြိုင်ဘက်ကင်းမဟာဥာဏ်တော်မှာ အတိတ်အနာဂတ်ပစ္စပ္ပန်ကံတွေရဲ့ အကျိုးပေးပုံမျိုးစုံကို အမှန်အတိုင်းသိတယ်ဆိုပြီး မဟာဥာဏ်တော်တစ်ပါးအဖြစ်ပူဇော်ရတာပါ။ တကယ်တော့ ကံအကြောင်းကို ဘုရားရှင်ပဲ အကုန်သိ အမှန်သိနိုင်တာကလား။ခက်ခဲနက်နဲသော မြတ်ဓမ္မများကို မထေမဲ့မြင်မပြုမိကြဖို့ မေတ္တာရပ်ခံလိုက်ရပါကြောင်းပါခင်များ။
Thursday, December 13, 2012
ဒါန
တစ်ခါက ဘုရားရှင်ဟောကြားခဲ့သော ဒါနတရားမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဘုရားရှင်က ဒါနအကြောင်းကို ငါဘုရားသိသလိုသာ သိမယ်ဆိုရင် သတ္တ၀ါတွေဟာ မပေးမကမ်းပဲ စားမှာမဟုတ်ဘူး။ ၀န်တိုစိတ်ဆိုတဲ့ အညစ်အကြေးသဘောလဲ ဖြစ်မှာမဟုတ်ဘူး။ ငါဘုရားသိသလိုသာ ဒါနအကြောင်းကို သိမယ်ဆိုရင် နောက်ဆုံးထမင်းလုပ်ကိုတောင် အလှူခံရှိရင် ပေးလှူကြလိမ့်မယ်တဲ့။ အခုတော့ သတ္တ၀ါတွေဟာ ဒါနအကြောင်းကို မသိလို့ မပေးမကမ်းဘူး။ ၀န်တိုမစ္ဆေရအညစ်အကြေးလဲ ထူပြောနေကြတာတဲ့။
သတ္တ၀ါတွေဟာ ဒါနအကျိုးတရားကိုသာ ဘုရားရှင်ဟောတဲ့အတိုင်းသိခဲ့မယ်ဆိုရင်
ဝန်တိုမှုကင်း သန့်ရှင်းတဲ့စိတ်မွေးကြလိမ့်မယ်။ လှူဒါန်းပူဇော်ကြလိမ့်မယ်။ ဒါနအကျိုးတရားအဖြစ် အရာရာ အဆင်ပြေချောမွေ့ပြီး သေရင်လဲ နတ်ပြည်မှာ ၀န်တိုစိတ်ကင်းခြင်းရဲ့ အကျိုးတရားအဖြစ် နတ်စည်းစိမ်တွေ ခံစားကြရလိမ့်မယ်။ တကယ်လို့သာ နိဗ္ဗာန်ရည်မှန်းလှူဒါန်းခဲ့မယ်ဆိုရင် အရိယာဖြစ်ကာ ငရဲမီးငြိမ်းကြပေလိမ့်မယ်တဲ့။ ဘုရားရှင်ဟောတဲ့ ဒါနသုတ်ကို မူရင်းအတိုင်းဘာသာပြန်တာပါ။ ဆက်လက်ပြီး လူတိုင်းလူတိုင်း အလှူတစ်ခုခုမပေးနိုင်ရင်လဲ သူများပစ္စည်းကို မခိုးကြဖို့ ဆက်လက်တွေးတောမိပြန်ပါသေးတယ်။
သတ္တ၀ါတွေဟာ ဒါနအကျိုးတရားကိုသာ ဘုရားရှင်ဟောတဲ့အတိုင်းသိခဲ့မယ်ဆိုရင်
ဝန်တိုမှုကင်း သန့်ရှင်းတဲ့စိတ်မွေးကြလိမ့်မယ်။ လှူဒါန်းပူဇော်ကြလိမ့်မယ်။ ဒါနအကျိုးတရားအဖြစ် အရာရာ အဆင်ပြေချောမွေ့ပြီး သေရင်လဲ နတ်ပြည်မှာ ၀န်တိုစိတ်ကင်းခြင်းရဲ့ အကျိုးတရားအဖြစ် နတ်စည်းစိမ်တွေ ခံစားကြရလိမ့်မယ်။ တကယ်လို့သာ နိဗ္ဗာန်ရည်မှန်းလှူဒါန်းခဲ့မယ်ဆိုရင် အရိယာဖြစ်ကာ ငရဲမီးငြိမ်းကြပေလိမ့်မယ်တဲ့။ ဘုရားရှင်ဟောတဲ့ ဒါနသုတ်ကို မူရင်းအတိုင်းဘာသာပြန်တာပါ။ ဆက်လက်ပြီး လူတိုင်းလူတိုင်း အလှူတစ်ခုခုမပေးနိုင်ရင်လဲ သူများပစ္စည်းကို မခိုးကြဖို့ ဆက်လက်တွေးတောမိပြန်ပါသေးတယ်။
အရိုးပုံ
သံသရာခ၇ီးသွားတစ်ယောက်၇ဲ့ အ၇ိုးတွေကို စုပုံထားမယ်ဆိုရင်၊ မပုပ်မသိုးမပျက်မစီးရှိမယ်ဆိုရင်
ဝေပုလ္လတောင်ကြီးလောက်ရှိနိုင်သတဲ့။ တစ်ကမ္ဘာအတွင်းမှာ ၇ရှိခဲ့ ပျက်စီးခဲ့တဲ့ အ၇ိုးတွေတောင်မှ အဲ့လောက်များနေရင်....ကမ္ဘာကုဋေချီပြီး ကျင်လည်ကျက်စားပြေးလွှားခဲ့ရတဲ့ ခရီးကြမ်းကြီးမှာ အရိုးများကလဲ ကမ္ဘာကြီးလောက်ရှိနေမယ်ပေါ့။ ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာဆိုတဲ့ ဒီသစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး သောတာပန်ဖြစ်ရင်တော့ အလွန်ဆုံး ၇ ဘ၀မျှသာ သံသရာရှိတော့မယ်တဲ့။ မဂ်လမ်းကို ရည်ရွယ်ကာ ကုသိုလ်တရားပွားများဖို့ လိုအပ်နေကြောင်းပါခင်မျာ။
ဝေပုလ္လတောင်ကြီးလောက်ရှိနိုင်သတဲ့။ တစ်ကမ္ဘာအတွင်းမှာ ၇ရှိခဲ့ ပျက်စီးခဲ့တဲ့ အ၇ိုးတွေတောင်မှ အဲ့လောက်များနေရင်....ကမ္ဘာကုဋေချီပြီး ကျင်လည်ကျက်စားပြေးလွှားခဲ့ရတဲ့ ခရီးကြမ်းကြီးမှာ အရိုးများကလဲ ကမ္ဘာကြီးလောက်ရှိနေမယ်ပေါ့။ ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာဆိုတဲ့ ဒီသစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး သောတာပန်ဖြစ်ရင်တော့ အလွန်ဆုံး ၇ ဘ၀မျှသာ သံသရာရှိတော့မယ်တဲ့။ မဂ်လမ်းကို ရည်ရွယ်ကာ ကုသိုလ်တရားပွားများဖို့ လိုအပ်နေကြောင်းပါခင်မျာ။
Wednesday, October 31, 2012
စေတီ (သို့မဟုတ်) ထူပ တည်ထားကိုးကွယ်ခြင်း
တောတောင်သစ်ပင်အာရာမ်တို့ကို ကိုးကွယ်နေသည့်
အဂ္ဂိဒတ္တရသေ့ကြီးနှင့် တပည့် တစ်သောင်းကျော်အား ဘုရားရှင်ဟောတော်မူခဲ့သော
တရားမှာ ကိုးကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်အဖြစ် လူတိုင်း မှတ်သားလိုက်နာသင့်သော တရားတစ်ပုဒ်ဖြစ်သည်။
ဘုရားရှင်က
ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိစ
အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။
လူတို့သည် ကြောက်ရွံ့ထိတ်လန့်မှုများစွာကြောင့် တောင်များ
တောများ အာရာမ်ခြံများ သစ်ပင်များ စေတီနတ်ကွန်းများကို ကိုးကွယ်နေကြသည်။
နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏမုတ္တမံ
နေတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
ဤသို့သစ်ပင်တောတောင်စသည်ကို ကိုးကွယ်ခြင်းသည် ဘေးကင်းကြောင်းမဟုတ်။
မြတ်သောကိုးကွယ်ခြင်းမဟုတ်။ ဤကိုးကွယ်ခြင်းကို အကြောင်းပြု၍ ဒုက္ခအားလုံးမှ မလွတ်မြောက်နိုင်။
ယော စ ဗုဒဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော
စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။
ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ
အရိယံ စဋ္ဌင်္ဂိကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။
အကြင်သူသည် ဘုရားတရားသံဃာ ရတနာသုံးပါးကို ကိုးကွယ်၏။ ဒုက္ခသစ္စာ
သမုဒယသစ္စာ နိရောဓသစ္စာ ဒုက္ခငြိမ်းရာ
နိဗ္ဗူတာသို့ရောက်ကြောင်းဖြစ်သော
မဂ္ဂင်ရှစ်ပါးတည်းဟူသော မဂ္ဂသစ္စာ ဤသစ္စာလေးပါးကို မဂ်ဥာဏ်ဖြင့် ကောင်းစွာ သိမြင်၏။
ဧတံ ခေါ သရဏံ ခေမံ၊ ဧတံ သရဏမုတ္တမံ
ဧတံ သရဏမာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
ဤရတနာသုံးပါးကိုးကွယ်ခြင်း သစ္စာလေးပါးသိမြင်ခြင်းဟူသော
ကိုးကွယ်ခြင်းသည် ဘေးကင်းကြောင်းတည်း။ အမြတ်ဆုံးတည်း။ ဤကိုးကွယ်ခြင်းကြောင့် ဒုက္ခအားလုံးမှ
လွတ်မြောက်နိုင်၏။
ဒေသနာတော်အဆုံး၌ ရသေ့ကြီးနှင့် တပည့်တစ်သောင်းတို့သည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်အတူ
အရဟတ္တဖိုလ်ပေါက်ကာ ရဟန္တာဖြစ်သွားကြလေကုန်၏။
ဤဒေသနာတော်အရ အကြောက်တရားမှ လွတ်မြောက်လိုသောစိတ်ကြောင့်
ကိုးကွယ်ရာအမျိုးမျိုးဖြစ်ပွားလာခြင်းကို တွေ့ရ၏။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေဘာယန္တိ မစ္စုနော
ဒေသနာတော်အရ သတ္တ၀ါတိုင်း ဘေးဒဏ်များကို ကြောက်ကြသည်။ သေရမှာ ကြောက်လန့်ကြသည်ချည်းဖြစ်၏။
ထို့အတူ သတ္တ၀ါတိုင်း ချမ်းသာသုခကို လိုလားကြသည်ချည်းဖြစ်၏။ ထို့ကြောင့်ပင် ဘုရားရှင်က
သုခကာမာနိ ဘူတာနိ= သတ္တ၀ါတိုင်း ချမ်းသာချင်ကြပေသည်ဟု ဟောကြားခဲ့ခြင်းဖြစ်၏။ ကြောက်ရွံ့သောအခါ
အားကိုးရာရှာကြလေသည်။ ချမ်းသာချင်သောကြောင့် အကူအညီပေးမည့်သူ ကယ်တင်မည့်သူများကို ရှာဖွေကြရလေသည်။
ထိုအခါ ကိုးကွယ်ရာအမျိုးမျိုး အားထားရာအဖုံဖုံ ပေါ်ပေါက်၍ လာလေသည်။ တောတောင်များ သစ်ပင်အာရာမ်များ
နတ်ကွန်းများကို ကိုးကွယ်လေ့ရှိကြောင်းကို အထက်ပါ ဓမ္မပဒဂါထာအရ သိရှိနိုင်ပါသည်။ သက်ရှိ
သက်မဲ့ တန်ခိုးရှင်များစွာကို စိတ်ဖြင့်ဖန်တီးကာ ကိုးကွယ်မိကြလေသည်။ ဒေါသအကြောက်တရား၊
လောဘအမိုက်အမှားများ၏ ကျေးကျွန်ဘ၀မှ စိတ်ဖြင့်ဖန်တီးထားသော သက်ရှိသက်မဲ့ကိုးကွယ်ရာများ၏
ကျေးကျွန်ဘ၀သို့ ရောက်ကြရပေသည်။
ဘုရားရှင်အလိုတော်အားဖြင့် အတ္တဒီပ=မိမိသီလသမာဓိပညာတရားများကို
အားကိုးရန်၊ ဓမ္မဒီပ=မိမိအသိ အကျင့်ဓမ္မများကို ကိုးကွယ်ရန် သုတ်တော်ပေါင်းများစွာဖြင့်
ဟောကြားတော်မူသည်ကို များပြားစွာတွေ့မြင်နိုင်ပါသည်။
ဤနေရာ၌ ပြောလိုသည်မှာ စေတီဟူသောစကားဖြစ်၏။ စေတီဟူသည် စေတိတဗ္ဗံ
ပူဇေတဗ္ဗံ
ဟူသော ၀စနတ္ထအရ လေးစားထိုက် ပူဇော်ထိုက်သော အရာဝတ္ထုကို ဆိုလိုသည်။ ဘုရားရှင်လက်ထက်တော်အခါက
လူအများသည် နတ်ကွန်းများတည်ဆောက်ကာ စာပါလစေတီ ဥဒေနစေတီ ဂေါတမကစေတီ စသည်ဖြင့် နတ်ကွန်းများစွာကို
စေတီအမည်ပေးကာ ကိုးကွယ်ခဲ့ကြကြောင်းကို မဟာပရိနိဗ္ဗာနသုတ်အရ သိရသည်။ သာမညဖလသုတ်အဋ္ဌကထာစသည်၌လည်း
ဘုရားရှင်၏ ဓာတ်တော်မွေတော်များကိန်းဝပ်ရာစေတီများကို စေတီဟုသုံးနှုန်းထားသည်ကို တွေ့ရသည်။
ပိဋကတ်တော်များ၌ကား စေတီဟူသော စကားနည်းတူ ထူပဟူသော စကားကိုလည်း သုံးနှုန်းထားကြောင်း
တွေ့ရှိနိုင်ပေသည်။
နိဓိကဏ္ဍသုတ်တော်မှာကား
စေတိယမှိ စ သံဃေ ၀ါ၊ ပုဂ္ဂလေ အတိထီသု ၀ါ
မာတရိ ပိတရိ စာပိ၊ အထော ဇေဋ္ဌမှိ ဘာတရိ
စေတီတော်၊ သံဃာတော်၊ ပုဂ္ဂိုလ် တစ်ယောက်ယောက်၊ ဧည့်သည်၊ မိဘ
အကိုကြီးအမကြီး စသည်တို့အား ပူဇော်လှူဒါန်းလျှင် ရွှေအိုးမြုပ်နှံသည်နှင့် တူကြောင်း
ဟောမိန့်ထားသည်။ ဤအဋ္ဌကထာအဖွင့်မှာကား ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ၊ ဓာတုကစေတီဟု စေတီသုံးမျိုးဖော်ပြထားသည်။
သရီရစေတီကိုပင် ဓာတုကစေတီဟု သုံးနှုန်းထားသည်ကို တွေ့ရသည်။
ကဿပဒသဗလစေတိယ၀တ္ထုမှာကား စေတီဟူသောစကားကို သုံးထားသည်ကို
တွေ့ရပြီး မဟာပရိနိဗ္ဗာနသုတ်တော်မှာတော့ ထူပဟူသော စကားကို တွေ့ရှိနိုင်ပေသည်။ ထိုအကြောင်းအရာများကို
ဖတ်ရှုနိုင်ရန် လိုရင်းတိုရှင်းရေးသားပေမည်။
ဘုရားရှင် သံဃာများစွာ ခြံရံတော်မူလျက် သာဝတ္ထိမြို့တော်မှ
အစဉ်အတိုင်း ဗာရာဏသီမြို့ဆီသို့ ဒေသစာရီကြွတော်မူရာ လမ်းခရီးအကြား၌ တောဒေယျရွာအနီးရှိ
တစ်ခုသောနတ်ကွန်းသို့ ရောက်တော်မူ၏။ ဘုရားရှင်သည် လယ်ထွန်နေသော ပုဏ္ဏားတစ်ယောကို အရှင်အာနန္ဒာအား
အခေါ်ခိုင်း၏။ ရောက်လာသော ပုဏ္ဏားသည် ဘုရားရှင်အားရှိမခိုးဘဲ နတ်ကွန်းကိုသာ ရှိခိုးလေ၏။
ဘုရားရှင်က မေးမြန်းတော်မူသောအခါ ရိုးရာစဉ်ဆက် စေတီတည်ရာဖြစ်သောကြောင့် ရှိခိုးရကြောင်းလျောက်ထားလေ၏။
ဘုရားရှင်က ဤနေရာသည် ကဿပဘုရားရှင်၏ ဓာတ်တော်မွေတော်ထားကိန်းဝပ်တော်မူရာ စေတီနေရာဟောင်းဖြစ်ကြောင်း
ရှိခိုးပူဇော်မှုပြုသင့်ကြောင့် မိန့်ကြားတော်မူကာ ဃဋိကာရသုတ်တော်ကို ဟောကြားတော်မူသည်။
တန်ခိုးဖြင့်လည်း တစ်ယူဇနာအမြင့်ရှိသော ရွှေစေတီဖန်ဆင်းတော်မူကာ စေတီတည်ကာ ပူဇော်ထိုက်သော
ပုဂိုလ် လေးမျိုးကို ဟောကြားတော်မူသည်။ သရီရစေတီ(ဓာတ်တော်မွေတော်များကို ဌပနာထားသောစေတီ)
ဥဒ္ဒိဿစေတီ(ဘုရားရှင်အားရည်စူးမှန်းထားကာ တည်ထားကိုးကွယ်သောစေတီ) ပရိဘောဂစေတီ(ဘုရားရှင်၏
အသုံးအဆောင်တော်များကို ဌပနာထားကာ တည်ထားကိုးကွယ်ပူဇော်ထားသော စေတီ)ဟူသော စေတီ သုံးမျိုးကိုလည်းဟောကြားတော်မူသည်။
ဒေသနာတော်တရားအနေဖြင့် အောက်ပါဂါထာဒေသနာတော်ကိုလည်း ဆက်လက်ဟောကြားတော်မူခဲ့လေသည်။
ပူဇာရဟေ ပူဇယတော၊ ဗုဒ္ဓေ ယဒိဝ သာဝကေ
ပပဉ္စသမတိက္ကန္တေ၊ တိဏ္ဏသောကပရိဒ္ဒဝေ။
တဏှာမာနဒိဋ္ဌိဟူသော သံသရာနယ်ချဲ့တရား ပပဉ္စတရားများကို လွန်မြောက်တော်မူပြီးသော
သောကမျက်ရည်ကို ကျော်လွှားတော်မူပြီးသော ဘုရားရှင်နှင့်သာဝကများကို ပူဇော်ကြရမည်။
တေ တာဒိသေ ပူဇယတော၊ နိဗ္ဗုတေ အကုတောဘယေ
န သက္ကာ ပုညံ သင်္ခါတုံ၊ က္ကမေတ္တမပိ ကေနစိ
ကိလေသာမီးတောက်မီးလျှံများ ငြိမ်းတော်မူပြီးသော ဘ၀ကြောင့်ဖြစ်သောဘေး
အာရုံကြောင့်ဖြစ်သောဘေးအားလုံး ကင်းဝေးတော်မူပြီးသော ဘုရားရဟန္တာများအား ပူဇော်ရသောကောင်းမှုကို
ဤ၍ဤမျှဟု မည်သူမှ မရေတွက်နိုင်ပေ။ ထိုကောင်းမှု၏ အကျိုးတရားကိုလည်း မည်သူမျှ မရေတွက်နိုင်ပေ။
ဤဒေသနာတော်အဆုံး၌ ပုဏ္ဏားကြီးသည် သောတာပန်အရိယာဖြစ်သွားသည်။
တစ်ယူဇနာရှိသော ရွှေစေတီတော်သည် ၇ ရက်တိုင်တိုင် ကောင်းကင်မှာ တည်ရှိကာ လူအများတို့က
အမျိုးမျိုးသော ပူဇော်မှုတို့ဖြင့် ပူဇော်ကြလေသည်။ ရွှေစေတီကွယ်ပျောက်သောအခါ ထိုနေရာ၌
ကျောက်သားစေတီတော် ပေါ်ထွန်းလာလေသည်။ ထိုအစည်းအဝေး၌ ရှစ်သောင်းလေးထောင်သော သတ္တ၀ါတို့
တရားထူးရ ကျွတ်တမ်းဝင်ကြလေသည်။
မဟာကဿပထေရာပဒါန်မှာလည်း ပဒုမုတ္တရမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံသောအခါ
စေတီတည်ထားကိုးကွယ်ခဲ့ကြကြောင်းကို သကံ စိတ္တံ ပသာဒေတွာ၊ စေတိယံ ပူဇယုတ္တမံ စသည်ဖြင့်
တွေ့ရှိရသေးသည်။
လကုဏ္ဍကဘဒ္ဒိယထေရာပဒါန်မှာကား ကဿပဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံသောအခါ
တစ်ယူဇနာအမြင့်ရှိသော ရတနာ ၇ပါးအတိပြီးသော စေတီတော်တည်ထားကိုးကွယ်ခဲ့ကြောင်း ပါရှိပြန်သည်။
အာယုသင်္ခါရောဿဇနသုတ်အဋ္ဌကထာစကားအရ အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်တို့
ပရိနိဗ္ဗာန်စံသောအခါ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို စေတီတည်ထားပူဇော်ကြရန် ဘုရားရှင်
မိန့်တော်မူကြောင်း သိရှိရပေသည်။
ပူတိဂတ္တတိဿမထေရ် ပရိနိဗ္ဗာန်စံသောအခါ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို
စေတီတည်ထားပူဇော်ရန် ဘုရားရှင်မိန့်ကြားတော်မူကြောင်းကို ဓမ္မပဒအဋ္ဌကထာ၌ တွေ့ရသည်။
မိလိန္ဒပဥှာပါဠိတော်မှာလည်း ယောဂီသူတော်စင်သည် စေတီတော်ကို
ရှိခိုးပူဇော်ကာ ကိုယ့်ကမ္မဌာန်းတရားကို အားထုတ်ရမည်ဟု လာရှိသည်။
တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ
စေတောပဏိဓိဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ
သက်တော်ထင်ရှားမြတ်ဘုရားနှင့် ပရိနိဗ္ဗာန်စံတော်မူပြီးသောဘုရားရှင်တို့အား
သဒ္ဓါပညာတူမျှ စိတ်ထားစေတနာကြီးမားစွာ ထားကာ ပူဇော်လျှင် အကျိုးတူညီစွာရရှိနိုင်သည်။
စိတ်ထားဖြူစင် စေတနာကြီးမားလျှင် နတ်ရွာနိဗ္ဗာန်ရကြောင်းဖြစ်သည်ဟု ခုဒ္ဒကနိကာယ်၊၀ိမာန၀တ္ထု၌
လာရှိသည်။ အထက်ပါ အချက်အလက်တို့အရ ဘုရားရှင်အား ရည်စူးမှန်းထားကိုးကွယ်စရာအဖြစ် တည်ထားသော
စေတီများကို စေတီဟုသုံးနှုန်းဖော်ပြလေ့ရှိကြောင်း သိရှိရသည်။
ဟေမ၀တသုတ်အဋ္ဌကထာ၌ကား သက်တော်ရှည်လျားသော ဘုရားရှင်တို့၏
ဓာတ်တော်များမှာ တစ်ပေါင်းတည်း တည်ရှိ၍ သက်တော်တိုလျသော ဘုရားရှင်တို့၏ ဓာတ်တော်များမှာ
အစိတ်အစိတ်အမွှာအမွှာကွဲကာ တည်ရှိကြကြောင်းပါရှိသည်။ ထိုသို့ အစိတ်အမွှာများစွာဖြစ်ပါမှလည်း
နေရာများစွာ၌ တည်ရှိနိုင်မည်ဖြစ်ကာ လူနတ်များစွာ ပူဇော်နိုင်မည်ဖြစ်သည်။
ဝိမာန၀တ္ထု၌ ဗုဒ္ဓစေတီတော်မြတ်များအား ပူဇော်ကာ ကမ္ဘာပေါင်းများစွာ
အပါယ်မကျဘဲ လူနတ်စည်းစိမ်ခံစားကာ ဤဂေါတမဘုရားလက်ထက်တော်မှာ အရိယာသူတော်စင်များဖြစ်သွားကြသည်ကို
ဝတ္ထုပေါင်းများစွာဖြင့် ဖွင့်ဆိုထားပါသည်။
မဟာပရိနိဗ္ဗာနသုတ်တော်မှာကား ဘုရားရှင်သည် အရှင်အာနန္ဒာအား
ကိုယ်တော်မြတ်ပရိနိဗ္ဗာန်စံတော်မူလေလျှင် ကြွင်းကျန်ရစ်သော ဓာတ်တော်များကို လမ်းဆုံလမ်းမတို့၌
ထူပ=စေတီတော်တည်ထားကိုးကွယ်ရန် အမိန့်ရှိသည်ကို အောက်ပါအတိုင်း တွေ့ရသည်။
စာတုမဟာပထေ တထာဂတဿ ထူပေါ ကာတဗ္ဗော။ တတ္ထ ယေ မာလံ ၀ါ ဂနံ္ဓ ၀ါ
စုဏ္ဏကံ ၀ါ အာရောပေဿန္တိ ၀ါ အဘိဝါဒေဿန္တိ ၀ါ စိတ္တံ ၀ါ ပသာဒေဿန္တိ၊ တေသံ တံ ဘ၀ိဿတိ ဒီဃရတ္တံ
ဟိတာယ သုခါယ။
အာနန္ဒာ…လမ်းဆုံးလမ်းမတွေမှာ ဘုရားရှင်ရဲ့ ဓာတ်တော်တွေကို
စေတီတည်ထားပေးပါ။ ထိုစေတီတော်မှာ ပန်းတွေ တင်လှူပူဇော်သော နံ့သာတုံးများတင်လှူပူဇော်သော
နံ့သာမှုန့်များ ကြဲဖျန်းပူဇော်သော သူတွေရှိမည်။ စေတီတော်ကို ရှိခိုးသူများရှိမည်။
ဘုရားဂုဏ်တော် ထုံမွှန်းကာ ကြည်ညိုသူများရှိမည်။ ထိုသူများသည် ရှည်စွာသော နေ့ညပတ်လုံး
ကောင်းကျိုးစီးပွားဖြစ်မည်။ ချမ်းသာသုခရကြလိမ့်မည်။
ဤတရားတော်အရ ဘုရားရှင်သည် ကိုယ်တော်မြတ်၏ ဓာတ်တော်များကို
စေတီတည်ထားပူဇော်ရန် ပစ္စပ္ပန် သံသရာချမ်းသာသုခရရှိရန်အတွက် သတ္တ၀ါတိုင်းက စေတီတော်မြတ်အား
တတ်စွမ်းသမျှ ပူဇော်ပသရန် ဘုရားဂုဏ်တော်ပွားများရန် တိုက်တွန်းတော်မူထားသည်ကို တွေ့မြင်နိုင်ပါသည်။
ဆက်လက်ပြီး ဘုရားရှင်သည်
သမ္မာသမ္ဗုဒ္ဓဘုရားရှင်၊ ပစ္စေကဗုဒ္ဓ ဘုရားရှင်၊ ဗုဒ္ဓ သာဝကပုဂ္ဂိုလ်ထူးနှင့် စကြာမင်းတည်းဟူသော စေတီတည်ထားပူဇော်ထိုက်သော ပုဂ္ဂိုလ် လေးမျိုးကို
ဟောကြားတော်မူပါသည်။ စေတီတည်ထားပူဇော်ကာ သူတော်ကောင်းကြီးများ၏ ဂုဏ်တော်ကျေးဇူးတော်များကိုအောက်မေ့ခြင်း
သူတော်ကောင်းတရားများကို လိုက်နာကျင့်သုံးခြင်းများပြုကြရန် တိုက်တွန်းတော်မူပါသည်။
ထိုသို့လိုက်နာကျင့်သုံးလျှင် လူနတ်နိဗာန်ချမ်းသာစံရမည်ဖြစ်ကြောင်း လေ့လာဖတ်ရှုရပေသည်။
Saturday, October 6, 2012
ရဟန်းပြုရခြင်းရဲ့ ရည်ရွယ်ချက်
အရှင်နာဂသိန်ကို မိလိန္ဒမင်းက မေးဖူးတယ်။ ရဟန်းပြုရခြင်းရဲ့ အကျိုးရလဒ်က ဘာလဲ။ နောက်ဆုံးပန်းတိုင်က ဘာလဲပေါ့။ အရှင်နာဂသိန်က ပြန်ဖြေတယ်။ မင်းကြီး၊ ဖြစ်နေတဲ့ ဒုက္ခချုပ်ငြိမ်းဖို့နဲ့ နောက်ထပ် ဒုက္ခအသစ်မဖြစ်ဖို့ဟာ ရဟန်းပြုရခြင်းရဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ ရုပ်နာမ်အားလုံးထာဝရချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ဝင်စံရခြင်းဟာ အမြတ်ဆုံးပန်းတိုင်ဖြစ်တယ်။ ရဟန်းအားလုံးဟာ ဒီရည်ရွယ်ချက်နဲ့ပဲ ရဟန်းပြုလာကြတာလားဘုရား..။
မဟုတ်ဘူး မင်းကြီး၊ တစ်ချို့သော ရဟန်းတွေဟာ မင်းဘေးကြောက်လို့၊ တစ်ချို့က သူခိုးဘေးကြောင့်၊ တစ်ချို့က ကြွေးမဆပ်နိုင်လို့၊ တစ်ချို့ကတော့ စားဝတ်နေရေးချောင်လည်လို့ ပြုလာကြတာဖြစ်တယ်။ တစ်ချို့သော ရဟန်းကောင်းများသာလျှင် ဒီဒုက္ခငြိမ်းဖို့ နိဗ္ဗာန်ရောက်ဖို့ ရဟန်းပြုလာရခြင်းဖြစ်တယ်။
ဒါဆို အရှင်ဘုရားကကော ဒီဒုက္ခငြိမ်းအေး နိဗ္ဗာန်ရရေးအတွက် ရဟန်းပြုလာတာလားဘုရားလို့ မေးပြန်တော့...မင်းကြီး၊ ငါဟာ ငယ်ရွယ်စဉ်ကတည်းက ရဟန်းပြုခဲ့ခြင်းဖြစ်တယ်။ ဒီအကြောင်းကို ငါမသိဘူး။ ငါသိတာက ဒီသကျနွယ်ဖွား ဘုရားသားကျော် ရဟန်းတော်တွေဟာ ပညာရှင်တွေဖြစ်ကြတယ်။ ငါ့ကို သင်ပေးကြလိမ့်မယ်ဆိုပြီး ငါဟာ ရဟန်းပြုလာခြင်းဖြစ်တယ်။ အခု ပညာကောင်းကောင်းသင်ပေးခံရတဲ့ငါဟာ ရဟန်းပြုရခြင်းရဲ့ အမြင့်ဆုံးအကျိုးတရားကို သိပြီ။ မြင်ပြီလို့ ဖြေကြားခဲ့ပါတယ်။
ဒီတော့ ရဟန်းပြုရခြင်းရဲ့ ရည်ရွယ်ချက်အမျိုးအမျိုးဟာ အကြောက်တရားမျိုးစုံကို ကာကွယ်ဖို့ဆိုတာရှိသလို တကယ်ပဲ ဒုက္ခငြိမ်းအေး နိဗ္ဗာန်ရရေးအတွက် ရဟန်းပြုသူတွေလဲ ရှိနိုင်တယ်ဆိုတာ သိခွင့်ရပါတယ်။ ရဟန်းသာမဏေတိုင်းဟာ ဒီမေးခွန်းနဲ့အဖြေကို ဖတ်ထား စဉ်းစားထားဖို့တော့ လိုအပ်မယ်ထင်ပါတယ်။ ဒီပို့စ်တ်ကိုရေးရင်း ဒီနေရာကနေ သူတော်ကောင်း ရဟန်းတော်များအား ဦးခိုက်ပူဇော်လိုက်ရပါတယ်။
မဟုတ်ဘူး မင်းကြီး၊ တစ်ချို့သော ရဟန်းတွေဟာ မင်းဘေးကြောက်လို့၊ တစ်ချို့က သူခိုးဘေးကြောင့်၊ တစ်ချို့က ကြွေးမဆပ်နိုင်လို့၊ တစ်ချို့ကတော့ စားဝတ်နေရေးချောင်လည်လို့ ပြုလာကြတာဖြစ်တယ်။ တစ်ချို့သော ရဟန်းကောင်းများသာလျှင် ဒီဒုက္ခငြိမ်းဖို့ နိဗ္ဗာန်ရောက်ဖို့ ရဟန်းပြုလာရခြင်းဖြစ်တယ်။
ဒါဆို အရှင်ဘုရားကကော ဒီဒုက္ခငြိမ်းအေး နိဗ္ဗာန်ရရေးအတွက် ရဟန်းပြုလာတာလားဘုရားလို့ မေးပြန်တော့...မင်းကြီး၊ ငါဟာ ငယ်ရွယ်စဉ်ကတည်းက ရဟန်းပြုခဲ့ခြင်းဖြစ်တယ်။ ဒီအကြောင်းကို ငါမသိဘူး။ ငါသိတာက ဒီသကျနွယ်ဖွား ဘုရားသားကျော် ရဟန်းတော်တွေဟာ ပညာရှင်တွေဖြစ်ကြတယ်။ ငါ့ကို သင်ပေးကြလိမ့်မယ်ဆိုပြီး ငါဟာ ရဟန်းပြုလာခြင်းဖြစ်တယ်။ အခု ပညာကောင်းကောင်းသင်ပေးခံရတဲ့ငါဟာ ရဟန်းပြုရခြင်းရဲ့ အမြင့်ဆုံးအကျိုးတရားကို သိပြီ။ မြင်ပြီလို့ ဖြေကြားခဲ့ပါတယ်။
ဒီတော့ ရဟန်းပြုရခြင်းရဲ့ ရည်ရွယ်ချက်အမျိုးအမျိုးဟာ အကြောက်တရားမျိုးစုံကို ကာကွယ်ဖို့ဆိုတာရှိသလို တကယ်ပဲ ဒုက္ခငြိမ်းအေး နိဗ္ဗာန်ရရေးအတွက် ရဟန်းပြုသူတွေလဲ ရှိနိုင်တယ်ဆိုတာ သိခွင့်ရပါတယ်။ ရဟန်းသာမဏေတိုင်းဟာ ဒီမေးခွန်းနဲ့အဖြေကို ဖတ်ထား စဉ်းစားထားဖို့တော့ လိုအပ်မယ်ထင်ပါတယ်။ ဒီပို့စ်တ်ကိုရေးရင်း ဒီနေရာကနေ သူတော်ကောင်း ရဟန်းတော်များအား ဦးခိုက်ပူဇော်လိုက်ရပါတယ်။
Saturday, February 18, 2012
ယက္ကန်းသည်မဟောင်းပြိတ္တာမ
သူမဟာ ကျင်ကြီး ကျင်ငယ် သွေး ပြည်တွေကို စားနေရတယ်။ အမြဲတမ်း သွေးပြည်တွေကို စားနေရတဲ့ ဘဝကို ရနေရှာတယ်။ သစ်လွင်တဲ့ ကောင်းမွန်တဲ့ နုညံ့တဲ့ အမြိတ်အဆာပါတဲ့ အဝတ်အစားတွေ ပေးလာရင် သူမလက်ထဲမှာ အားလုံးက ရောထွေးယှက်လိမ် မတင့်မတယ် ရွံစဖွယ်ဖြစ်လာပြန်တယ်။ သူမဟာ အရင်ဘဝက လင်ယောက်ျားက သမဏ ဗြာဟ္မဏသူတော်ကောင်းတွေကို ပေးကမ်းလှူဒါန်းရင် ဆဲဆိုခဲ့တယ်။ ကြိမ်းမောင်းခဲ့တယ်။ “ ဒါတွေစားမဲ့အစား သွေးပြည်တွေစားကြပါတော့လား...ဒါတွေဝတ်မဲ့အစား ရွံစရာအဝတ်တွေ ဝတ်ပါတော့လားတဲ့“။ ဒီအတွေး ဒီအပြော ဒီသဘော ဒီမနောတွေကြောင့် သူမဟာ ဒီလို အဖြစ်ဆိုးထဲရောက်ခဲ့ရရှာတယ်။ ကိုယ်စိုက်တဲ့ မျိုးစေ့အားလျော်တဲ့ အသီးကို ကိုယ်ပြန်ရိတ်သိမ်းရတာကိုက သံသရာရဲ့ သဘာဝတရားမို့လားဗျာ။ စဉ်းစားဆင်ခြင် ပြင်ဆင်ထားကြပါလေ။
Thursday, February 16, 2012
ကိုယ့်သားသမီးကို ပြန်စားသော ပြိတ္တာမ
သူမဟာ အဝတ်မဝတ်ဘူး။ အရုပ်သိပ်ဆိုးတယ်။ အနံ့ဆိုးတွေ ထွက်နေတယ်။ ခန္ဓာကိုယ်ဟာ ယင်ကောင်တလှောင်းလှောင်းထနေတယ်။ သူမဟာ ယမလောကသူတစ်ယောက်ဖြစ်တယ်။ သူမဟာ မနက်ခင်းမှာ သားသမီးခုနှစ်ယောက်မွေးပြီး ပြန်သတ်စားတယ်။ ညနေမှာ သားသမီး ခုနှစ်ယောက်မွေးပြီး ပြန်စားတယ်။ ဒါပေမဲ့ သူမဟာ ပူလောင်နေတယ်။ အခိုးထွက်နေတယ်။ အဆာမပြေဘူး။ ငြိမ်းအေးမှုကို မရရှာဘူး။ နေပူထဲမှာ မီးလောင်ခံရသလိုပဲ။ သူမဟာ အရင်ဘဝက သားနှစ်ယောက်ရတယ်။ သားအားကိုးနဲ့ သူ့လင်ယောက်ျားကို မထေမဲ့မြင်လုပ်တယ်။ ဒါနဲ့ သူမယောက်ျား နောက်မိန်းမယူတယ်။ သူမဟာ အဲ့ဒီမယားငယ် ကိုယ်ဝန်ရှိလာတော့ မနာလိုပြီး ကိုယ်ဝန်ဖျက်ဖို့ လုပ်ခဲ့တယ်။ ကိုယ်ဝန်က ၃ လဆိုတော့ သွေးသံရဲရဲဖြစ်တယ်။ ဆွေမျိုးတွေက ဝိုင်းဝန်းတိုင်ကြား စစ်ဆေးမေးမြန်းတော့ သူမဟာ ကြောက်စရာကျိန်စာဆိုခဲ့တယ်။ ယုတ်ညံ့တဲ့ လိမ်ညာစကားပြောခဲ့တယ်။ ” သူလုပ်တာ မဟုတ်ပါ..ကျူးလွန်မိခဲ့ရင် နောက်ဘဝ ကိုယ့်သားသမီးကို ပြန်သတ်စားတဲ့ မိန်းမဖြစ်ပါစေသား”လို့ ကျိန်ဆို မုသားပြောခဲ့တယ်။ သူမရဲ့ မုသား..သူမရဲ့ ကျိန်စာကြောင့် သွေးသံရဲရဲနဲ့ ကိုယ့်သားသမီးကို
ပြန်သတ်စားနေမိတဲ့ဘဝကို ရောက်နေရတယ်။ သူမရဲ့ သဝန်တိုတဲ့အချစ်၊ မှားယွင်းတဲ့
မုသား၊ ကြောက်စရာကောင်းတဲ့ ကျိန်စာဟာ သူမဘဝကို
မီးလောင်တိုက်သွင်းခဲ့ပါတယ်။ ဖတ်ရှု သတိပြု ဆင်ခြင်နိုင်ဖို့ကောင်းလှပါတယ်။
Friday, February 3, 2012
ကြောက်စရာကောင်းတဲ့ ကျိန်စာ

သူမဟာ အဝတ်မဝတ်ဘူး။ အရုပ်သိပ်ဆိုးတယ်။ ပါးစပ်က အနံ့ သိပ်နံတယ်။ တစ်ကိုယ်လုံးမှာ ယင်ကောင်တွေ ဝိုင်းအုံနေတယ်။ သူမဟာ မနက်ခင်းမှာ သားငါးယောက်မွေးပြီး ပြန်လည်သတ်စားတယ်။ ညနေခင်းမှာ သားငါးယောက်မွေးပြီး ပြန်သတ်စားပြန်တယ်။ ဒါပေမဲ့ သူမရင်ဘက်တစ်ခုလုံး ပူလောင်ပြီး အဆာမပြေဘူး။ အတိတ်ကံ မိုက်မဲမှုတွေကြောင့် သူမဟာ အဲ့ဒီလို ခံစားနေရတယ်။ သူမရဲ့ အတိတ်ဆိုးကတော့ အရင်ဘဝက သူမဟာ လင်တူမိန်းမတစ်ယောက်ကို မနာလို ဝန်တိုပြီး ကိုယ်ဝန်ကျအောင်လုပ်ခဲ့တယ်။ ကိုယ်ဝန်က ၂လဆိုတော့ သွေးတွေသွန်တယ်။ ဆွေမျိုးတွေက စစ်ဆေးတော့ သူမဟာ လိမ်ညာ ကျိန်ဆိုခဲ့တယ်...“..သူမ မလုပ်ခဲ့ဘူး။ ကိုယ်ဝန်ကျအောင်မလုပ်ခဲ့ဘူး။ လုပ်ခဲ့မိရင် ကိုယ်သားသမီးကို ပြန်သတ်စားတဲ့ ပြိတ္တာမဖြစ်စေသားတဲ့..“ သူမရဲ့ မုသား..သူမရဲ့ ကျိန်စာကြောင့် သွေးသံရဲရဲနဲ့ ကိုယ့်သားသမီးကို ပြန်သတ်စားနေမိတဲ့ဘဝကို ရောက်နေရတယ်။ သူမရဲ့ သဝန်တိုတဲ့အချစ်၊ မှားယွင်းတဲ့ မုသား၊ ကြောက်စရာကောင်းတဲ့ ကျိန်စာဟာ သူမဘဝကို မီးလောင်တိုက်သွင်းခဲ့ပါတယ်။ ဖတ်ရှု သတိပြု ဆင်ခြင်နိုင်ကြစေခလို။
Subscribe to:
Posts (Atom)







