Tuesday, October 11, 2011

တလှည့်စီ စုန်ဆန်မြဲ


မနက်ခင်းဆီက၊ စုန်ဆင်းခဲ့ မဗေဒါ။
မွန်းတည့်ချိန် နေ့လယ်ခင်း
သင်း ပြန်တက်လာ။
ညနေ စောင်းလာတော့
ချောင်းဖျားရောက် ဆိတ်ငြိမ်ရာ
မဗေဒါ မအိပ်။
စုန်ချိန်မှာ စုန်ပြန်ရပေါ့
ချောင်းဝမှာ ပြန်စည်ကား
ချောင်းဖျားမှာ တိတ်။

အို အချင်း မဗေဒါ။
ကျူရိုးရှင် ကျူတံသေးနဲ့
တေးချိုလို့သာ။
ဆိတ်ငြိမ်ရာ စည်ကားရာ
ရောက်ရာမှာ မယ်မစွဲ။
ကပ်ချည် ခွာချည်နဲ့
တစ်လှည့်စီ စုန်ဆန်မြဲ
ညည်းတတ်ပါပဲ။ ။

ဇော်ဂျီ
(ဖျာပုံ စာပေလုပ်သား မဂ္ဂဇင်း၊ ၁၉၈၁)

2 comments:

  1. မျှဝေပေးလို့ကျေးဇူးပါနော်မဖတ်ရတာကြာပြီ
    ခုတော့ပြန်ဖတ်ရလို့ အားဖြစ်ရတယ်
    ခင်မင်တဲ့ jasmine

    ReplyDelete
  2. ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေဝေမျှပေးထားတာတွေ့ရလို့ အရမ်းဝမ်းသာပါတယ်ခင်ဗျ ...
    ဗေဒါလမ်းခေါင်းစဉ်တွေကို ဗေဒါလမ်း (၁)၊ ဗေဒါလမ်း (၂) ... စသည်ဖြင့် တပ်ပေးဖို့လည်း အကြံပေးလိုပါတယ် ...

    ReplyDelete