Monday, December 7, 2015

အရဟံ

အရဟံဆိုတာ မြတ်ဗုဒ္ဓရဲ့ မဟာဂုဏ်တော်များထဲမှ တစ်ခုဖြစ်ပါတယ်။ ကိလေသာကင်းစင်တော်မူခြင်း ကိလေသာရန်သူတို့ကို သတ်ဖြတ်တော်မူခြင်း သံသရာရဲ့အကန့်ဒေါက်ဆန်တွေကို ချိုးဖျက်တော်မူခြင်း လူနတ်ဗြဟ္မာတို့ရဲ့ ပူဇော်အထူးကိုခံယူတော်မူထိုက်ခြင်း ဆိတ်ကွယ်ရာအရပ်မှာ မကောင်းမှုကျူးလွန်တော်မမူခြင်းအစရှိတဲ့ ဂုဏ်ထူးဝိသေသများကို အကျဉ်းချုပ်လိုက်တော့ အရဟံဆိုတဲ့ နာမည်တော်မြတ်ဟာ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်မဟာတွေရဲ့ နိဒါန်းအစ ဖြစ်ခဲ့ရပါတော့တယ်။ သူသူငါငါသတ္တ၀ါတွေဟာ ကိလေသာမီးတောက်နဲ့ ကစားပြီး ကိလေသာရန်သူရဲ့ အထောင်းအထုကို ခံနေကြရပါတယ်။ လူမြင်သူမြင်ရော ဆိတ်ကွယ်ရာအရပ်မှာပါ ကိလေသာမာနတ်ရဲ့ ဒုစရိုက်မစင်တွေကို စားနေမိတတ်ကြပါတယ်။ ဒီလိုနဲ့ သံသရာစက်ဝန်းရဲ့ အင်ဂျင်ပါဝါဖြစ်တဲ့ တဏှာနဲ့မောဟ၊ ကုသိုလ်နဲ့အကုသိုလ်၊ ငရဲနဲ့နတ်ပြည်မှာ တလှည့်စီပြေးလွား ဒဏ်ရာတွေ အော်ညည်းသံတွေ များနေခဲ့ကြပါတယ်။ မြတ်ဗုဒ္ဓရဲ့ သာဝကဆိုသူတွေဟာ ကိလေသာအတွင်းရန်သူ အပြင်ရန်သူတွေကို သီလသမာဓိပညာလက်နက်ကောင်းတွေနဲ့ အနိုင်ယူအောင်ပွဲခံနိုင်အောင် ကြိုးစားကြရပါမယ်။
>>>ဆက်လက်ဖတ်ရှုရန်>>> >>