မုလေးရုံတောစ၊
ဒေါနလမ်း မြေညီ၊
လျှောကျစမ်း ရေခင်းကြည်ဝယ် (ရေသင်းကြည်တယ်)၊
ရွှေနှင်းဆီကန်ချောင်း(ကျောင်း)၊
လွမ်းမတတ် စကားဝါဂူ(ငူ)မှာ၊
နံ့သာဖြူလေးမောင့်စံကျောင်း။
စပယ်ချပ် သရဖီချောင်(မှာ)၊
ခွာညိုတောင် ခိုအောင်း၊
ရွှေသဇင် စုပေါင်းတဲ့ (မွှေးနံ့သာစုပေါင်းလို့)၊
နုညောင်စောင်းထက်မှာ၊
ပဒုမ္မာကြာသင်္ကန်းငယ်နှင့်၊
ခါဆင်မြန်း တောမွေ့ပျော်(ပျော်မွေ့)ရာ။
ပန်းသော်က တံတိုင်း(တန်တိုင်း)ကာသည်၊
ဇီဇဝါ မုခ်(မုတ်)ခြားလို့၊
တံခါးက ခရား(ချရား)ကြိုင်၊
သင်းတဲ့ ဂနိုင်၊
ယုဇန မဟာမြိုင်မှာ၊
တဝါပိုင် ကြိုးချင်ပေါ့လေး။
ကပ္ပါ (ကမ္ဘာ)တိုင်မှီးမယ်ပလေး။ (မူကွဲ)
ဦးတင်မြင့် (ဝိဇ္ဇာ-ဂုဏ်ထူး) တည်းဖြတ်တဲ့ "ဦးပုည လက်ရွေးစင်စာများ" က မူကို မူရင်းတေးထပ်အနေဖြင့် ရေးထားပါတယ်။
() အတွင်းက စာသားတွေက ဦးတင်ထွေးရဲ့ "ဦးပုည၏ စာပန်းကုံးများ" (ဒုတိယတွဲ) က စာသားတွေပါ။
မှတ်ချက်။ မမမေဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment