Thursday, February 16, 2012

ကိုယ့်သားသမီးကို ပြန်စားသော ပြိတ္တာမ

သူမဟာ အဝတ်မဝတ်ဘူး။ အရုပ်သိပ်ဆိုးတယ်။ အနံ့ဆိုးတွေ ထွက်နေတယ်။ ခန္ဓာကိုယ်ဟာ ယင်ကောင်တလှောင်းလှောင်းထနေတယ်။ သူမဟာ ယမလောကသူတစ်ယောက်ဖြစ်တယ်။ သူမဟာ မနက်ခင်းမှာ သားသမီးခုနှစ်ယောက်မွေးပြီး ပြန်သတ်စားတယ်။ ညနေမှာ သားသမီး ခုနှစ်ယောက်မွေးပြီး ပြန်စားတယ်။ ဒါပေမဲ့ သူမဟာ ပူလောင်နေတယ်။ အခိုးထွက်နေတယ်။ အဆာမပြေဘူး။ ငြိမ်းအေးမှုကို မရရှာဘူး။ နေပူထဲမှာ မီးလောင်ခံရသလိုပဲ။ သူမဟာ အရင်ဘဝက သားနှစ်ယောက်ရတယ်။ သားအားကိုးနဲ့ သူ့လင်ယောက်ျားကို မထေမဲ့မြင်လုပ်တယ်။ ဒါနဲ့ သူမယောက်ျား နောက်မိန်းမယူတယ်။ သူမဟာ အဲ့ဒီမယားငယ် ကိုယ်ဝန်ရှိလာတော့ မနာလိုပြီး ကိုယ်ဝန်ဖျက်ဖို့ လုပ်ခဲ့တယ်။ ကိုယ်ဝန်က ၃ လဆိုတော့ သွေးသံရဲရဲဖြစ်တယ်။ ဆွေမျိုးတွေက ဝိုင်းဝန်းတိုင်ကြား စစ်ဆေးမေးမြန်းတော့ သူမဟာ ကြောက်စရာကျိန်စာဆိုခဲ့တယ်။ ယုတ်ညံ့တဲ့ လိမ်ညာစကားပြောခဲ့တယ်။ ” သူလုပ်တာ မဟုတ်ပါ..ကျူးလွန်မိခဲ့ရင် နောက်ဘဝ ကိုယ့်သားသမီးကို ပြန်သတ်စားတဲ့ မိန်းမဖြစ်ပါစေသား”လို့ ကျိန်ဆို မုသားပြောခဲ့တယ်။ သူမရဲ့ မုသား..သူမရဲ့ ကျိန်စာကြောင့် သွေးသံရဲရဲနဲ့ ကိုယ့်သားသမီးကို ပြန်သတ်စားနေမိတဲ့ဘဝကို ရောက်နေရတယ်။ သူမရဲ့ သဝန်တိုတဲ့အချစ်၊ မှားယွင်းတဲ့ မုသား၊ ကြောက်စရာကောင်းတဲ့ ကျိန်စာဟာ သူမဘဝကို မီးလောင်တိုက်သွင်းခဲ့ပါတယ်။ ဖတ်ရှု သတိပြု ဆင်ခြင်နိုင်ဖို့ကောင်းလှပါတယ်။

No comments:

Post a Comment