Friday, February 3, 2012

ကြောက်စရာကောင်းတဲ့ ကျိန်စာ


သူမဟာ အဝတ်မဝတ်ဘူး။ အရုပ်သိပ်ဆိုးတယ်။ ပါးစပ်က အနံ့ သိပ်နံတယ်။ တစ်ကိုယ်လုံးမှာ ယင်ကောင်တွေ ဝိုင်းအုံနေတယ်။ သူမဟာ မနက်ခင်းမှာ သားငါးယောက်မွေးပြီး ပြန်လည်သတ်စားတယ်။ ညနေခင်းမှာ သားငါးယောက်မွေးပြီး ပြန်သတ်စားပြန်တယ်။ ဒါပေမဲ့ သူမရင်ဘက်တစ်ခုလုံး ပူလောင်ပြီး အဆာမပြေဘူး။ အတိတ်ကံ မိုက်မဲမှုတွေကြောင့် သူမဟာ အဲ့ဒီလို ခံစားနေရတယ်။ သူမရဲ့ အတိတ်ဆိုးကတော့ အရင်ဘဝက သူမဟာ လင်တူမိန်းမတစ်ယောက်ကို မနာလို ဝန်တိုပြီး ကိုယ်ဝန်ကျအောင်လုပ်ခဲ့တယ်။ ကိုယ်ဝန်က ၂လဆိုတော့ သွေးတွေသွန်တယ်။ ဆွေမျိုးတွေက စစ်ဆေးတော့ သူမဟာ လိမ်ညာ ကျိန်ဆိုခဲ့တယ်...“..သူမ မလုပ်ခဲ့ဘူး။ ကိုယ်ဝန်ကျအောင်မလုပ်ခဲ့ဘူး။ လုပ်ခဲ့မိရင် ကိုယ်သားသမီးကို ပြန်သတ်စားတဲ့ ပြိတ္တာမဖြစ်စေသားတဲ့..“ သူမရဲ့ မုသား..သူမရဲ့ ကျိန်စာကြောင့် သွေးသံရဲရဲနဲ့ ကိုယ့်သားသမီးကို ပြန်သတ်စားနေမိတဲ့ဘဝကို ရောက်နေရတယ်။ သူမရဲ့ သဝန်တိုတဲ့အချစ်၊ မှားယွင်းတဲ့ မုသား၊ ကြောက်စရာကောင်းတဲ့ ကျိန်စာဟာ သူမဘဝကို မီးလောင်တိုက်သွင်းခဲ့ပါတယ်။ ဖတ်ရှု သတိပြု ဆင်ခြင်နိုင်ကြစေခလို။

No comments:

Post a Comment