Saturday, February 18, 2012

ယက္ကန်းသည်မဟောင်းပြိတ္တာမ

သူမဟာ ကျင်ကြီး ကျင်ငယ် သွေး ပြည်တွေကို စားနေရတယ်။ အမြဲတမ်း သွေးပြည်တွေကို စားနေရတဲ့ ဘဝကို ရနေရှာတယ်။ သစ်လွင်တဲ့ ကောင်းမွန်တဲ့ နုညံ့တဲ့ အမြိတ်အဆာပါတဲ့ အဝတ်အစားတွေ ပေးလာရင် သူမလက်ထဲမှာ အားလုံးက ရောထွေးယှက်လိမ် မတင့်မတယ် ရွံစဖွယ်ဖြစ်လာပြန်တယ်။ သူမဟာ အရင်ဘဝက လင်ယောက်ျားက သမဏ ဗြာဟ္မဏသူတော်ကောင်းတွေကို ပေးကမ်းလှူဒါန်းရင် ဆဲဆိုခဲ့တယ်။ ကြိမ်းမောင်းခဲ့တယ်။ “ ဒါတွေစားမဲ့အစား သွေးပြည်တွေစားကြပါတော့လား...ဒါတွေဝတ်မဲ့အစား ရွံစရာအဝတ်တွေ ဝတ်ပါတော့လားတဲ့“။ ဒီအတွေး ဒီအပြော ဒီသဘော ဒီမနောတွေကြောင့် သူမဟာ ဒီလို အဖြစ်ဆိုးထဲရောက်ခဲ့ရရှာတယ်။ ကိုယ်စိုက်တဲ့ မျိုးစေ့အားလျော်တဲ့ အသီးကို ကိုယ်ပြန်ရိတ်သိမ်းရတာကိုက သံသရာရဲ့ သဘာဝတရားမို့လားဗျာ။ စဉ်းစားဆင်ခြင် ပြင်ဆင်ထားကြပါလေ။

No comments:

Post a Comment