Friday, October 5, 2012

လုပ်ငန်းမစမှီ

ကျမ်းစာများရေးသားရင်၊ လုပ်ငန်းတစ်ခုခုလုပ်ရင် မလုပ်မှီရှေးဦးစွာ ရတနာသုံးပါးကို ပူဇော်ကန်တော့ရတယ်။ ဒါဟာ ကုသိုလ်ထူးတစ်ခုပြုခြင်းဖြစ်ပြီး အန္တရာယ်ကင်းကင်းနဲ့အလုပ်ပြီးစီးဖို့ အကြောင်းကောင်းတစ်ခုဖြစ်ပါတယ်။ ဓမ္မပဒမှာတော့ ပူဇော်ထိုက်သူရဟန္တာများကို ပူဇော်ရင် အကျိုးမရေတွက်နိုင်လောက်အောင်ကုသိုလ်ရတယ်လို့ ဟောထားတာရှိတယ်။ နိဓိကဏ္ဍသုတ်မှာတော့ လူနတ်တွေအားလုံးကို လိုချင်ရာအားလုံးပေးနိုင်တဲ့ရွှေအိုးဆိုတာ ကုသိုလ်ပါပဲလို့ ဟောကြားထာတာလဲ တွေ့ရပြန်ပါတယ်။ ဒါကြောင့် လုပ်ငန်းကိစ္စတစ်ခုခုလုပ်တော့မယ်ဆိုရင် ရတနာသုံးပါးရဲ့ ဂုဏ်တော်များကိုရွတ်ဆိုပူဇော်ပွားများထားဖို့ လိုအပ်ပါတယ်။ ကျမ်းစာတိုင်းမှာ ကျမ်းပြုဆရာများက ရတနာသုံးပါးကို အန္တရာယ်ကင်းစွာ ကျမ်းပြီးခြင်းအကျိုးရဖို့ ရှိခိုးပူဇော်ထားတာ အမြဲတမ်းတွေ့ရပါတယ်။

No comments:

Post a Comment