Thursday, February 2, 2012

ပါးစပ်ပုပ်


နတ်အဆင်းရှိတယ်။ ကောင်းကင်ပျံနိုင်တယ်။ ပါးစပ်ကတော့ ပုပ်ဆွေးနေတယ်။ ပုပ်ဆွေးနေတဲ့ပါးစပ်ကို ပိုးလောက်တွေက စားနေကြတယ်။ သူဟာ အရင်က ရဟန်းတစ်ပါးဖြစ်ပြီး အကျင့်ကောင်းကျင့်ခဲ့တယ်။ ပါးစပ်က ဂုန်းချောစကား ပြောခဲ့တယ်။ အကျင့်ကောင်းတွေကြောင့် လှပခန့်ငြားပေမဲ့ ပါးစပ်ကတော့ ပုပ်ဆွေး ပိုးလောက်တွေ တစ်ထွေးကြီးနဲ့ပေါ့။ သူက ဆက်ပြောတယ်..မာ ပေသုဏံ၊ မာ စ မုသာ အဘာဏိ..ဂုန်းမတိုက်ကြပါနဲ့၊ လိမ်ညာမုသား မပြောကြပါနဲ့တဲ့။ ကမ္ဘာသူ ကမ္ဘာသားတွေ မှန်တာပြောဖို့ သင့်တာပြောဖို့ လိုအပ်ပါတယ်။

No comments:

Post a Comment