Tuesday, November 5, 2013

သီလ

သီလကို မြေနှင့်ဥပမာပြုထားတာဖတ်ဖူးတယ်။ မြေပေါ်မှာ အရာအားလုံးရပ်တည်ရှင်သန်ရသလို သီလပေါ်မှာ ကောင်းမြတ်တဲ့ဂုဏ်တွေအားလုံး ဖြစ်တည်ပေါက်ရောက်ရတာပါတဲ့။ ကိုယ်ကျင့်နှုတ်ကျင့်သီလမကောင်းဘဲ ဘယ်လိုရွှေငွေရတနာ ရာထူးဂုဏ်ထူးတွေကမှ လူတစ်ယောက်ကို အဆင့်မှီလူသူတော်ကောင်း လူကြီးလူကောင်းအဖြစ်မလုပ်ပေးနိုင်ပါဘူး။ သီလမြေမရှိဘဲ ဘယ်လိုကောင်းမြတ်မှုတွေ ဘယ်လိုအဆင့်မြင့်မှုတွေကမှ ပေါက်ဖွားကြီးထွားနိုင်မှာမဟုတ်တော့ လူတိုင်းသီလမြေကောင်းမြေသန့်တွေ ပိုင်ဆိုင်မွေးမြူထားကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။

No comments:

Post a Comment