Thursday, November 21, 2013

ဘုရားပန်း

ဘုရားပန်းလှူပြီး နတ်ပြည်ရောက်တာတွေ အများကြီးဖတ်ဖူးပါတယ်။ သုမနပန်းသည်ဆိုတာကတော့ ထူးထူးခြားခြား ဘုရားပန်းလှူတဲ့သူပေါ့။ ဘုရင့်ကိုဆက်သမယ့်ပန်းကို အသက်စွန့်ပြီး မြတ်စွာဘုရားကို လှူလိုက်တာ။ ဘုရင်က ပန်းမရလို့ သတ်ချင်လဲ သတ်ပစေဆိုပြီးတော့ အသက်စွန့်ခဲ့တာ။ သူ့မိန်းမကတော့ မင်းဒဏ်သင့်မှာစိုးပြီး ရှင်နဲ့ ကွဲပြီ။ ရှင်လုပ်တာ ရှင်ပဲ ရှင်းတော့ဆိုပြီး ထွက်သွားခဲ့တယ်။ ဘုရင်က သိတော့ လေးစားလွန်းလို့ ဆုတော်လာဘ်တော်တွေ ပေးတယ်။ အသက်စွန့်ပြီး ဘုရားကို ပန်းလှူခဲ့လို့ ကမ္ဘာတစ်သိန်းအပါယ်မကျဘူး။ သုမနအမည်ရတဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးဖြစ်တော်မူလိမ့်မယ်။ လူတိုင်းဟာ လောဘရဲ့ အလိုတော်ကျ တသွေမတိမ်းလိုက်ပြီး လုပ်နေကြတာများပါတယ်။ လောဘကို တွန်းလှန်ရဲတဲ့သတ္တိဆိုတာ လူတိုင်းမှာ မရှိနိုင်ပါဘူး။ သုမနပန်းသည်ကတော့ သူ့ရဲ့ လောဘကို အသက်နဲ့လဲပြီး တွန်းလှန်ပုန်ကန်ခဲ့တာပါ။ ဘုရားတည်ကျောင်းဆောက်ကုသိုလ်မဟုတ်ပေမယ့် သူ့ရဲ့ စေတနာသဒ္ဓါတရားနဲ့ ဥာဏ်ပညာအားကြီးမားခဲ့လေတော့ အကြီးတရားလဲ အံ့မခန်းကြီးမားခဲ့ပါတယ်။ လူတိုင်းဟာ သုမနပန်းသည်လို ကိုယ့်စေတနာ သဒ္ဓါ ဥာဏ်ပညာများများရှိအောင်ကြိုးစားပြီး ဘုရားတရားသံဃာနဲ့ဆက်စပ်တဲ့ကုသိုလ်တွေ လုပ်နေကြရင် ဘယ်လောက်များကောင်းလေမလဲ။

No comments:

Post a Comment