Tuesday, October 20, 2009

စာပေါင်းသိုက်အနမ်းများ(၂)


အို အရှင်
ကျွန်ုပ် နှလုံးအတွင်းရှိ
ဆင်းရဲခေါင်းပါးခြင်း အမြစ်ကို
ယူနုတ်၍ ပေးပါဘိ ။
ဤသည်ပင်လျှင်
ကျွန်ုပ်၏ ဆုတောင်းဖြစ်ပါ၏ ။

သုခနှင့် ဒုက္ခတို့ကို
ဥပေက္ခာပြုနိုင်သော ကိုယ်ဖြစ်အောင်
ခွန်အားကို ပေးသနားပါဘိ ။

ကျွန်ုပ်၏ မေတ္တာတရားအား
သီးပွင့်စေလာအောင် အားထုတ်ရာတွင်
ခွန်အားကို ပေးသနားပါဘိ ။

နိမ့်ကျသူတို့အား
မည်သည့်အခါမျှ ဖဲကြဉ်ခြင်း မပြုရန်
မောက်မာရမ်းကားသော အားကြီးသူတို့ ရှေ့တွင်
မည်သည့်အခါမျှ ဒူးထောက်ခြင်း မပြုရန်
ကျွန်ုပ်အား ခွန်အားကို ပေးသနားပါဘိ ။

နိစ္စဓူဝ ကြုံတွေ့နေရသည့်
အသေးအဖွဲကလေးများကို လျစ်လျူရှုကာ
မြင့်မြင့် ကြံနိုင်အောင်
ကျွန်ုပ်အား ခွန်းအားကို ပေးသနားပါဘိ ။


ဖတ်ဖူးသောစာများကို စာပေါင်းသိုက်အနမ်းအဖြစ် ကမ္ဗည်းထိုးပါသည်
>>>ဆက်လက်ဖတ်ရှုရန်>>> >>